Author Archives: RRD

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

    (၂-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၆၀) ပြိုကျခဲ့ပြီး အိမ်ခြေ (၂၇၂) မှာ အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါပြိုကျအိမ်ခြေ (၆၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ သိန်း (၃၀) အားလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၂၇၂) အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအားလည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးနှင့် ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူများက (၃-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more

  • ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

    ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ဆီဆိုင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ် အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၅-၂၀၁၆)ရက်နေ့တွင် လေဘေးသင့် အိမ်ထောင်စု (၃၁၇)စု အတွက် ကယ်ဆယ် ရေးပစ္စည်းများ နှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၆၈၅၀၀၀၀) ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊

  • ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့ရှိ လေဘေးနှင့် မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု အခြေအနေ သတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် (၂-၅-၂၀၁၆) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့၊ ကျုံပြင်ကျေးရွာရှိ လေပြင်းဘေးဒဏ်ခံစားခဲ့ ရသော ပြိုလဲအိမ် (၆) လုံး၊ အမိုးလန် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၄၀၇၀၀/- ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မကျီးကုန်းကျေးရွာနှင့် မနန်းဒုတ်ကျေးရွာတို့တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀၀/- အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် လေဘေးထောက်ပံ့ပြီးစီးမှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ (၃၀-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၈) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈) အိမ်ထောင်စာအား (၃-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် လေဘေးထောက်ပံ့ပြီးစီးမှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ (၃၀-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ်အတွင်းရှိ အိမ်ခြေ (၉) လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၉) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၉) အိမ်ထောင်စာအား (၃-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events