လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံခြင်း

m2 m3

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ ၃ ရက်နေ့၊ နံနက် (၀၉: ၃၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား UNOCHA မှ Head of Office ဖြစ်သူ Mr.Mark Cutts ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေး သင့်ဒေသများ ဖြစ်ကြသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် များသို့ လူသားချင်းစာနာ ထောက်ထားမှုအကူညီများ ပေးသည့် ကိစ္စများတွင် ကန့်သတ်ဒေသများသို့ သွားရောက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ အပြည့်အဝ ကူညီပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ် ရေဘေးပြန်လည် ထူထောင်ရေးကိစ္စများတွင် ဝန်ကြီးဌာနနှင့် NGOs, INGOs များ ပူးပေါင်း၍ သဘာဝ ဘေးတုန့်ပြန်ရေး ကိစ္စ များတွင် မြန်ဆန်သွက်လက် စွာ ဆောင်ရွက်ခြင်းကိစ္စများ၊ ထို့အပြင် ကမ္ဘာ့လူသားချင်းစာနာ ထောက်ထားမှု ထိပ်သီးအစည်းအဝေးကျင်းပရခြင်း၏   နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို UNOCHA မှ Head of OCHA Indonesia ဖြစ်သူ Mr.Oliv Lacey-Hall မှ ရင်းနှီး ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အလားတူ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား UNDP မှ Country Director ြဖစ်သူ Mr. Toily Kurbanov ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ၂၀၁၅ ခုနှစ်၊ ရေဘေးကိစ္စတွင် UNDP မှ အပြည့်အဝ ကူညီသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံချက် ပူးပေါင်း ဆောင်ရွက်ခြင်းကိစ္စ၊ ဝန်ကြီးဌာနမှဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် သင်တန်းများ ပေးခြင်းကိစ္စ၊ အင်္ဂလိပ်စာသင်တန်းများ ပေးခြင်းကိစ္စများ၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်းများတွင် ပံ့ပိုး ကူညီခြင်းကိစ္စနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အဆင့်မြှင့်တင်နိုင်ရေးအတွက် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။

အလားတူ ညနေ (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒ‌ရေးရှင်းမှ Regional Directior ဖြစ်သူ        Mr. Xavier Castellanos ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် သဘာဝဘေးဆိုင်ရာ ကယ်ဆယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စများ၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွင် ICRC မှ ကူညီ ဆောင်ရွက်ပေးမှုကိစ္စများနှင့် ကယ်ဆယ်ရေးစခန်းများတွင် သဘာဝဘေးကြောင့် ပျက်စီးယိုယွင်းနေမှုများအား ကူညီ ပံ့ပိုးပေးခြင်းကိစ္စရပ်များ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင်လည်း ကူညီပံ့ပိုးပေးရေးကိစ္စများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events