(၂၉-၄-၂၀၁၆) ရက်နေ့၊ (၂၁:၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူကြီး (၈) ဦး၊ ကလေး (၂) ဦး စုစုပေါင်း (၁၀) ဦး မီးဘေးသင့်ခဲ့ပါသည်။
အဆိုပါမီးဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တန်ဖိုးငွေ (၈၈၂၆၄) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၄) စုစာအား (၃-၅-၂၀၁၆) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)