ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် (၂-၅-၂၀၁၆) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့၊ ကျုံပြင်ကျေးရွာရှိ လေပြင်းဘေးဒဏ်ခံစားခဲ့ ရသော ပြိုလဲအိမ် (၆) လုံး၊ အမိုးလန် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၄၀၇၀၀/- ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မကျီးကုန်းကျေးရွာနှင့် မနန်းဒုတ်ကျေးရွာတို့တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀၀/- အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)