ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၅.၂၀၁၆) ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာ၊ လေဘေးသင့်အိမ်ခြေ(၄၂ )လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၈၄၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။