(၂-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၆၀) ပြိုကျခဲ့ပြီး အိမ်ခြေ (၂၇၂) မှာ အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါပြိုကျအိမ်ခြေ (၆၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ သိန်း (၃၀) အားလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၂၇၂) အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအားလည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးနှင့် ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူများက (၃-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)