Author Archives: RRD

  • မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

    မ‌ကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ (၃၀-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မ‌ကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေကျပ် (၄၅၃)သိန်းတိတိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်‌သူများအား အား‌ပေးစကား‌ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။ Source:          မ‌ကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • (၆-၅-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာ၌ မီးလောင်မှုနှင့် ထောက်ပံ့မှု ကနဦးသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာ၌ (၆-၅-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် (၇) လုံး၊ အလုပ်သမားနေအိမ် (၂) လုံး၊ ဂိုဒေါင် (၃) လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုအတွက် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင် (ဒုတိယညွှန်ကြားရေးမှူး) သည် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဇေထက်အောင် (ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး) တို့နှင့်အတူ မီးဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့နိုင်ရေး အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများယူဆောင်ပြီး မီးလောင်ပြင်သို့ သွားရောက်ကြည့်ရှုနေပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။

Sign Up

Upcoming Events