ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

l622

(၆-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ စစ်ချောင်းကျေးရွာတွင် ( ၂၉-၄-၂၀၁၆) ရက်နေ့၊ (၂၁: ၁၅ ) အချိန်ခန့်တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၄) လုံးအတွက် အ်မ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများအား မီးဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events