(၆-၅-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာ၌ မီးလောင်မှုနှင့် ထောက်ပံ့မှု ကနဦးသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ နောက်မီးကျေးရွာ၌ (၆-၅-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် (၇) လုံး၊ အလုပ်သမားနေအိမ် (၂) လုံး၊ ဂိုဒေါင် (၃) လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုအတွက် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင် (ဒုတိယညွှန်ကြားရေးမှူး) သည် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဇေထက်အောင် (ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး) တို့နှင့်အတူ မီးဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့နိုင်ရေး အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများယူဆောင်ပြီး မီးလောင်ပြင်သို့ သွားရောက်ကြည့်ရှုနေပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။

Sign Up

Upcoming Events