လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၆-၅-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောအုပ်စု ကန်တော်လေးကျေးရွာ၌ မိုးကြိုးပစ်သေဆုံးသူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-) အား ကျေးရွာအထောက်အကူပြုကော်မတီတို့နှင့်အတူ သွားရောက်ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။