ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်အတွင်း(၄.၅.၂၀၁၆)နှင့်(၅.၅.၂၀၁၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သောလေဘေးနှင့်မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

2၁၊၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ရွှေညောင်ပင်ရွာ (၄.၅.၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့်ပြိုလဲပျက်စီးခဲ့သောအိမ်ထောင်စု(၄)စု အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (၄)အိမ်ထောင်စာ၊အမိုးလန်အိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၂အိမ်ထောင်စာအတွက် (၆.၅.၂၀၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

၂၊၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ရှမ်းကျွန်းကုန်းကျေးရွာသို့ (၅.၅.၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့်ပျက်စီးခဲ့သောနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ (၁)ထောင် အိမ်စာအတွက်(၆.၅.၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

၃၊၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ကံကလေးကျေးရွာ အုပ်စု၊သရက်စိမ့်ကျေးရွာတွင်(၅.၅.၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ဘုန်းတော်ကြီးကျောင်း သံဃာ(၃)ပါးအတွက် သင်္ကန်း(၃)စုံ တို့ကို (၆.၅.၂၀၁၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events