ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်း ကျေးရွာအုပ်စု၊ကျေးရွာအုပ်စု(၃)အုပ်စုတို့တွင် (၄.၅.၂၀၁၆)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးဒဏ်ကြောင့်ပြိုလဲ ပျက်စီးခဲ့သော နေအိမ်(၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၃အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးခဲ့သောနေအိမ်(၁၂)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး(၁၃)အိမ်ထောင် စာ ကို ( ၆.၅.၂၀၁၆)ရက် နေ့ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။