Author Archives: RRD
-
မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပျောတောအုပ်စုအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၆) ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပျောတောအုပ်စုအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေဂါလန် (၁၀၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကိုင်းတောကွင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
(၁၀-၅-၂၀၁၆) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကိုင်းတောကွင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ ဝါးအိမ် ဓနိမိုးထရံကာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၀၀၀) နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေကျပ် … Read more
-
စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၆) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာအတွင်းရှိ ပြည်သူများအတွက် လီတာ (၂၀) ဆံ့၊ သောက်ရေသန့်ဘူးကြီး (၃၈၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ (၁၀-၅-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာရှိ အိမ်ခြေ (၂၆၂) ၊ လူဦးရေ (၁၆၂၉) ဦးအတွက် သောက်သုံးရေဂါလန် (၂၈၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ (၁၁)ရက်နေ့နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Unicef Nations Children’s Fund မှ Chief, Social Prolicy and Child Rights Monitoring ြဖစ်သူ Mr.Samman J.Thapa ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာ့အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို အကောင် အထည်ဖော်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့တွင် ( ၇- ၅- ၂၀၁၆) ရက်နေ့ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ (၁၀) လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ ( ၉၂) လုံး၊ အိမ်ထောင်စု ( ၁၀၂ ) စု၊ လူဦးရေ (၄၇၈) ဦးတို့အတွက် ပစ္စည်း( ၆) မျိုးပါ FamilyKit (၁၀၂) စုံ၊ ပြိုကျပျက်စီးအိမ်ခြေ ( ၁၀) လုံးအတွက် (၅၀၀,၀၀၀)ကျပ်၊ အမိုးလန် ပြိုကျပျက်စီးအိမ်ခြေ (၉၂) လုံး အတွက် (၁,၈၄၀,၀၀၀ … Read more
-
ကျိုင်းတုံမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နောင်ဖါရပ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နောင်ဖါရပ်အတွင်းရှိပြည်သူများအသုံးပြုရန်အတွက် သောက်သုံးရေဂါလန် (၁၈၀၀) ကို အဆိုပါ ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်ထဲသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၀-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကုလားအုန်းပင်စုကျေးရွာတွင် ပြည်သူများအား “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကုလားအုန်းပင်စုကျေးရွာတွင် ပြည်သူများအား “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲ၌ တာဝန်ရှိသူများမှ တက်ရောက်လာကြသည့်ပြည်သူများအား ဘေးမဖြစ်မီ ဘေးဖြစ်ဆဲနှင့် ဘေးဖြစ်ပြီးနောက် ဆောင်ရန် ရှောင်ရန်များနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုအခြေအနေ သတင်း
(၆-၄-၂၀၁၆) ရက်နေ့၌ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာတွင် လေဘေးကြောင့် အိမ်ခြေ (၄၉) လုံး၊ လူဦးရေ (၂၀၅) ဦး နှင့် ဟားခါးမြို့နယ်၊ မြို့ကွက်သစ်တွင် လေဘေးကြောင့် အိမ်ခြေ (၂) လုံး ၊ လူဦးရေ (၁၃) ဦး တို့အား ကယ်ဆယ် ရေးပစ္စည်း(၄) မျိုးကို (၈-၄-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး (၁၀-၅-၂၀၁၆) ရက်နေ့တွင် အမိုးလန်အိမ် (၁) အိမ် လျှင် ငွေကျပ် (၂၀၀၀၀) စီနှင့် ဆန်ရိက္ခာ (၃) … Read more
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ တောင်စွန်းကျေး ရွာသို့ သောက်သုံးရေလီတာ (၂၀၀၀) သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရပါသည်။
