လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံမှုသတင်း

DSC_0007 DSC_0036

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ (၁၁)ရက်နေ့နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Unicef Nations Children’s Fund မှ Chief, Social Prolicy and Child Rights Monitoring ြဖစ်သူ Mr.Samman J.Thapa ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာ့အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို အကောင် အထည်ဖော်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှုးချုပ်များ အား အသိပညာပေးခြင်းကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်‌‌ရေး ဆက်စပ်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ထို့အပြင်အရေးပေါ် ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပြင် ရက်သတ္တပတ် အတွင်းအလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပမည့်ကိစ္စရပ်များ၊ အလုပ်ရုံဆွေးနွေးပွဲများတွင်သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း များကိုဖိတ်ကြားရေးကိစ္စများ၊ ဝန်ကြီးဌာနများတွင် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ အလုပ်ရုံ‌ဆွေးနွေးပွဲကျင်းပရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။

အလားတူ ‌(၁၅း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Relief International မှ Country Directorဖြစ်သူ Mr.Joseph Mariampillai ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် Relief International တို့မှ ရေရှည်ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဘေးအန္တရာယ် မှပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်အတွင်းပါဝင်သည့် အရေးပေါ်စီမံခန့်ခွဲမှုဌာန (EOC) အတွက်ပံ့ပိုးကူညီပေးမည့်ကိစ္စရပ်များ၊ ထိုအပြင် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး လျှင်မြန်စွာပံ့ပိုးကူညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အလားတူ ‌(၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား UN Women မှ Regional Director ြဖစ်သူ Ms. Robreta Clarke ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN Women တို့ပူးပေါင်းဆောင်ရွက်နေသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း ကိုအောင်မြင်စွာဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ တွင် ဂျနီဗာမြို့၌ကျင်းပမည့် CEDAWကော်မတီ (၆၄)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်ရန်အတွက် သင်တန်းနှင့်လိုအပ်သည့်ကိစ္စရပ်များကို ပံ့ပိုးအကူညီ ပေးခြင်းကိစ္စရပ်များ၊ UN Women နှင့် MoU ရေးထိုးမည့်ကိစ္စရပ်များ၊ အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်မည့် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အဝန်းစီမံချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံမှ ပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events