(၁၀-၅-၂၀၁၆) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကိုင်းတောကွင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ ဝါးအိမ် ဓနိမိုးထရံကာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၀၀၀) နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေကျပ် (၃၆၀၀)၊ စုစုပေါင်း ငွေကျပ် (၅၃၆၀၀) အား မီးဘေးဖြစ်ပွားသည့်ကျေးရွာသို့ (၁၁-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)