(၁၀-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကုလားအုန်းပင်စုကျေးရွာတွင် ပြည်သူများအား “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း

Capture Capture1
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကုလားအုန်းပင်စုကျေးရွာတွင် ပြည်သူများအား “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲ၌ တာဝန်ရှိသူများမှ တက်ရောက်လာကြသည့်ပြည်သူများအား ဘေးမဖြစ်မီ ဘေးဖြစ်ဆဲနှင့် ဘေးဖြစ်ပြီးနောက် ဆောင်ရန် ရှောင်ရန်များနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events