ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

kc3 kc2

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့တွင် ( ၇- ၅- ၂၀၁၆) ရက်နေ့ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ (၁၀) လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ ( ၉၂) လုံး၊ အိမ်ထောင်စု ( ၁၀၂ ) စု၊ လူဦးရေ (၄၇၈) ဦးတို့အတွက် ပစ္စည်း( ၆) မျိုးပါ FamilyKit (၁၀၂) စုံ၊ ပြိုကျပျက်စီးအိမ်ခြေ ( ၁၀) လုံးအတွက် (၅၀၀,၀၀၀)ကျပ်၊ အမိုးလန် ပြိုကျပျက်စီးအိမ်ခြေ (၉၂) လုံး အတွက် (၁,၈၄၀,၀၀၀ ) ကျပ်၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၃၀,၂၀၀) ကျပ်၊ စုစုပေါင်း ( ၂,၇၇၀,၂၀၀) ကျပ်နှင့် ရွာဦးဘုန်းကြီး ကျောင်းအတွက်သင်္ကန်းခြင်း (၁ ) စုံနှင့် သင်္ကန်း (၁၀) စုံတို့အား (၁၀-၅-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးတို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events