ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုအခြေအနေ သတင်း

(၆-၄-၂၀၁၆) ရက်နေ့၌ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာတွင် လေဘေးကြောင့် အိမ်ခြေ (၄၉) လုံး၊ လူဦးရေ (၂၀၅) ဦး နှင့် ဟားခါးမြို့နယ်၊ မြို့ကွက်သစ်တွင် လေဘေးကြောင့် အိမ်ခြေ (၂) လုံး ၊ လူဦးရေ (၁၃) ဦး တို့အား ကယ်ဆယ် ရေးပစ္စည်း(၄) မျိုးကို (၈-၄-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး (၁၀-၅-၂၀၁၆) ရက်နေ့တွင် အမိုးလန်အိမ် (၁) အိမ် လျှင် ငွေကျပ် (၂၀၀၀၀) စီနှင့် ဆန်ရိက္ခာ (၃) ရက်စာအတွက် စုစုပေါင်း ငွေကျပ် (၁,၂၁၆,၂၀၀) တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးမှ အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှ ဒုမြို့နယ်မှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီမှူးရုံး(ကဆရ)

Sign Up

Upcoming Events