Author Archives: RRD
-
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် Call Center ထူထောင်ရန်သတင်း
မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် call center ထူထောင်ရန် တိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင််ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများတွေ့ဆုံးဆွေးနွေးပွဲအား (၁၆-၅-၂၀၁၆)ရက်နေ့ (၀၉ဝဝ) နာရီမှ (၁၁၁ဝ)အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေး၏ ရလဒ်အနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရဌာနများ ချိတ်ဆက်မှုပိုမိုကောင်းမွန်ခဲ့သည့်အပြင် ရက် ၁၀၀ စီမံချက်၏ ကောင်းမွန်သော ပထမ ခြေလှမ်းတစ်ရပ်အဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်း သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာရှိ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် အတွက် (၁၅-၅-၂၀၁၆) ရက်နေ့က ယင်းကျေးရွာ တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ကျင်းပ ခဲ့ရာ ဒေသခံရွာသူရွာသား (၁၀၀) ကျော် တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိသည်၊၊
-
(၁၅-၅-၂၀၁၆ )ရက်နေ့တွင် ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ နှင့် ပုသိမ်မြို့၊ကင်မလင်းကျွန်းရပ်ကွက်ရှိ ရေအလှူတော်အဖွဲ့ ပရဟိတအသင်းတို့ပူးပေါင်း၍သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး မှတာဝန်ရှိသူများ နှင့် ပုသိမ်မြို့၊ကင်မလင်းကျွန်းရပ်ကွက်ရှိ ရေအလှူတော်အဖွဲ့ ပရဟိတအသင်းတို့ပူးပေါင်း၍ သောက်သုံးရေပြတ်လပ်သည့်ကျေးရွာများဖြစ်သည့် ပုသိမ်-မော်တင်စွန်းကားလမ်းဘေး ဝဲ-ယာမှနေအိမ်များနှင့်သရက်တောအုပ်စု၊သရက်တော ကျေးရွာမှ အိမ်ခြေ(၂၀၀) အိမ်ထောင်စု(၇၃၈)၊လူဦးရေ(၁၈၃၆)ဦး၊လေးလောင်းရွာမှအိမ်ခြေ(၁၇၀)၊အိမ်ထောင်စု(၁၇၅)၊လူဦးရေ(၁၂၃၅)ဦးတို့အတွက် (၁၅-၅-၂၀၁၆ )ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ (၈)ဂါလံ ဆံ့ရေပုံး (၁၅၀ )ပုံး ဂါလံ(၁၂၀၀)၊ပရဟိတအသင်းမှ(၅)ဂါလံ ဆံ့ရေပုံး (၃၂၀ )ပုံးနှင့် ၂ဝလီတာရေသန့်ဘူး(၄၀၀)ဘူးစုစုပေါင်းဂါလံ(၄၀၀၀)ခန့်အားသောက်သုံးရေဖြန့်ဝေပေးခဲ့ပါကြောင်းသိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အမှတ်(၁) ရပ်ကွက်တွင် အဝီစိတွင်းတူးရန် ကွင်းဆင်းလေ့လာခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာနှင့် ရုံးအဖွဲ့သည် ပြင်စလူမြို့ရှိ ထွေ/အုပ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ ဌာနခွဲစာ ရေး ဦးမျိုးသိန်းထိုက်၊ ပြင်စလူမြို့ စည်ပင်သာယာရေးကော်မတီဝင် ဦးမိုးထူး တို့နှင့်အတူ ပြင်စလူမြို့ အမှတ်(၁)ရပ်ကွက်တွင် အဝီစိတွင်းတူးရန်အတွက် (၁၅-၅-၂၀၁၆) ရက်နေ့တွင် ရပ်ကွက်အတွင်း ကွင်းဆင်းလေ့လာခဲ့ပါသည်၊၊
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စုအတွင်း စက်ရေတွင်းတူးဖော်မည့် မြေနေရာ ကြည့်ရှုစစ်ဆေးမှုနှင့် ရေသန့်ဆေးပြားများထောက်ပံ့ပေးမှုသတင်း
(၁၅.၅.၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂းဝ၀) အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို႔နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာ၊ မလိခအိမ်စုရှိ ရေတွင်းသည် ရေခမ်းခြောက်လျက်ရှိပြီး ၄င်းရေတွင်း ကို အသုံးပြုနေသော အိမ်ထောင်စု (၅၀) ခန်႔ လူဦးရေ (၁၅၀) ကျော်နှင့် ခလရ (၂၆၀) တပ်တွင်း အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသား (၃၀၀) ခန်႔ရေရှားပါးမှုနှင့် ကြုံတွေ႔နေရကြောင်း ယင်းကျေးရွာနေ ဦးမြင့်လှိုင်၏ တင်ပြချက်အရ ပြည်နယ်ဦးစီးမှူးမှ ကျေးရွာသို ကွင်းဆင်း ကြည့် ရှုကာ ရပ်ရွာလူထု နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး … Read more
-
(၁၅.၅.၂၀၁၆)ရက်နေ့၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက် လုပ်ငန်းစဉ်အဖြစ် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ (၁၅-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၁:ဝ၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်မှူးဦးစိုးနိုင်မှ လေပြင်း တိုက်ခတ်မှုဘေး မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရှောင်ရန်၊ ဆောင်ရန်အချက်များအား ရှင်းလင်းဟောပြောဆွေးနွေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် သဘာဝဘေးဖြစ်ပွားမှုမှတ်တမ်းဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်အပိုင်းသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးမှုသတင်း
သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် (၁၅-၅-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်အပိုင်းသို့ သွားရောက်ကာ ပြည်သူများအတွက် သောက်သုံးရေလီတာ (၃၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
(၁၃-၅-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် မြိတ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နွေးနွေးစိုးမှ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပို့ချမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ သင်တန်းသား/သူ စုစုပေါင်း (၆၈) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပန်းကုံးကျေးရွာအုပ်စုနှင့် ဆင်ကျုံးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ ပန်းကုံးကျေးရွာအုပ်စုရှိ ပန်းကုန်းကျေးရွာ၊ ငါးနက်ပြားကျေးရွာနှင့် ထုံးဘို့ကွေ့ကျေးရွာများမှ ပြည်သူများအတွက် ပန်းကုန်းကျေးရွာဘုန်းကြီးကျောင်းအရှေ့တွင် ယာယီရေကန် (၁) ကန်၊ ရွာလယ်တွင် ယာယီရေကန် (၁) ကန်နှင့် ငါးနက်ပြားကျေးရွာတွင် ယာယီရေကန် (၁) ကန် စုစုပေါင်း ယာယီရေကန် (၃) ကန်ပြုလုပ်ပေးကာ ရေဂါလံ (၃၂၀၀) အား ထည့်သွင်းဖြန့်ဝေပေးခဲ့ပြီး သောက်ရေ (၃၂၅၀) လီတာကို အဆိုပါကျေးရွာများရှိ ပြည်သူများအတွက် ထပ်မံဖြန့်ဝေပေးခဲ့ခြင်း၊ အလားတူဆင်ကျုံးကျေးရွာအုပ်စုရှိ … Read more
-
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း (၁၂.၅.၂၀၁၆)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၇)လုံးပြိုလဲပျက်စီးပြီး အမိုးလန်နေအိမ် (၁၀၆)လုံးရှိခဲ့ပါသည်။ အဆိုပါ ပြိုလဲအိမ် (၂၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၂၇)စုံ၊ အမိုးလန်အိမ် (၁၀၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ (၁၀၆)စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၇၀၀၀၀/-) ကျပ်တို့ကို (၁၄.၅.၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
