ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပန်းကုံးကျေးရွာအုပ်စုနှင့် ဆင်ကျုံးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16

 
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ ပန်းကုံးကျေးရွာအုပ်စုရှိ ပန်းကုန်းကျေးရွာ၊ ငါးနက်ပြားကျေးရွာနှင့် ထုံးဘို့ကွေ့ကျေးရွာများမှ ပြည်သူများအတွက် ပန်းကုန်းကျေးရွာဘုန်းကြီးကျောင်းအရှေ့တွင် ယာယီရေကန် (၁) ကန်၊ ရွာလယ်တွင် ယာယီရေကန် (၁) ကန်နှင့် ငါးနက်ပြားကျေးရွာတွင် ယာယီရေကန် (၁) ကန် စုစုပေါင်း ယာယီရေကန် (၃) ကန်ပြုလုပ်ပေးကာ ရေဂါလံ (၃၂၀၀) အား ထည့်သွင်းဖြန့်ဝေပေးခဲ့ပြီး သောက်ရေ (၃၂၅၀) လီတာကို အဆိုပါကျေးရွာများရှိ ပြည်သူများအတွက် ထပ်မံဖြန့်ဝေပေးခဲ့ခြင်း၊ အလားတူဆင်ကျုံးကျေးရွာအုပ်စုရှိ ဆင်ကျုံးကျေးရွာ၊ သက်ကယ်ကုန်းကျေးရွာ၊ တောကြီးကုန်းကျေးရွာနှင့် ရွာလေးကျေးရွာများမှ ပြည်သူများအတွက် ရေဂါလံ (၁၆၀၀) တို့ကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့ကြောင့် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) အနေဖြင့် အဆိုပါကျေးရွာအုပ်စု (၂) စုမှ အိမ်ခြေပေါင်း (၃၈၀) အိမ်ထောင်စု (၄၂၀) တို့မှ လူဦးရေ (၁၂၇၅) ဦးအတွက် စုစုပေါင်းရေဂါလံ (၄၈၀၀) နှင့် သောက်သုံးရေလီတာပေါင်း (၃၂၅၀) တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events