လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက် လုပ်ငန်းစဉ်အဖြစ် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ (၁၅-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၁:ဝ၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်မှူးဦးစိုးနိုင်မှ လေပြင်း တိုက်ခတ်မှုဘေး မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရှောင်ရန်၊ ဆောင်ရန်အချက်များအား ရှင်းလင်းဟောပြောဆွေးနွေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် သဘာဝဘေးဖြစ်ပွားမှုမှတ်တမ်းဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။