(၁၅-၅-၂၀၁၆ )ရက်နေ့တွင် ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ နှင့် ပုသိမ်မြို့၊ကင်မလင်းကျွန်းရပ်ကွက်ရှိ ရေအလှူတော်အဖွဲ့ ပရဟိတအသင်းတို့ပူးပေါင်း၍သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး မှတာဝန်ရှိသူများ နှင့် ပုသိမ်မြို့၊ကင်မလင်းကျွန်းရပ်ကွက်ရှိ ရေအလှူတော်အဖွဲ့ ပရဟိတအသင်းတို့ပူးပေါင်း၍ သောက်သုံးရေပြတ်လပ်သည့်ကျေးရွာများဖြစ်သည့် ပုသိမ်-မော်တင်စွန်းကားလမ်းဘေး ဝဲ-ယာမှနေအိမ်များနှင့်သရက်တောအုပ်စု၊သရက်တော ကျေးရွာမှ အိမ်ခြေ(၂၀၀) အိမ်ထောင်စု(၇၃၈)၊လူဦးရေ(၁၈၃၆)ဦး၊လေးလောင်းရွာမှအိမ်ခြေ(၁၇၀)၊အိမ်ထောင်စု(၁၇၅)၊လူဦးရေ(၁၂၃၅)ဦးတို့အတွက် (၁၅-၅-၂၀၁၆ )ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ (၈)ဂါလံ ဆံ့ရေပုံး (၁၅၀ )ပုံး ဂါလံ(၁၂၀၀)၊ပရဟိတအသင်းမှ(၅)ဂါလံ ဆံ့ရေပုံး (၃၂၀ )ပုံးနှင့် ၂ဝလီတာရေသန့်ဘူး(၄၀၀)ဘူးစုစုပေါင်းဂါလံ(၄၀၀၀)ခန့်အားသောက်သုံးရေဖြန့်ဝေပေးခဲ့ပါကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events