ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စုအတွင်း စက်ရေတွင်းတူးဖော်မည့် မြေနေရာ ကြည့်ရှုစစ်ဆေးမှုနှင့် ရေသန့်ဆေးပြားများထောက်ပံ့ပေးမှုသတင်း

27 28

(၁၅.၅.၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂းဝ၀) အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို႔နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာ၊ မလိခအိမ်စုရှိ ရေတွင်းသည် ရေခမ်းခြောက်လျက်ရှိပြီး ၄င်းရေတွင်း ကို အသုံးပြုနေသော အိမ်ထောင်စု (၅၀) ခန်႔ လူဦးရေ (၁၅၀) ကျော်နှင့် ခလရ (၂၆၀) တပ်တွင်း အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသား (၃၀၀) ခန်႔ရေရှားပါးမှုနှင့် ကြုံတွေ႔နေရကြောင်း ယင်းကျေးရွာနေ ဦးမြင့်လှိုင်၏ တင်ပြချက်အရ ပြည်နယ်ဦးစီးမှူးမှ ကျေးရွာသို ကွင်းဆင်း ကြည့် ရှုကာ ရပ်ရွာလူထု နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၄င်းတို႔မှ စက်ရေတွင်းတူးဖော်ပေးရန် လက်ရှိရေတွင်းမှရေသည် သောက်သုံးရန် မသင့်တော်သဖြင့် လတ်တလောတွင် သန်႔ရှင်းသော သောက်သုံးရေအတွက် စီမံဆောင်ရွက်ပေးရန် တင်ပြခဲ့ကြပါသည်။ ထို႔နောက် ရပ်ရွာလူထုမှ အဆိုပြုရွေးချယ်ပေးသော စက်ရေတွင်းတူးဖော်မည့် မြေနေ ရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လူဦးရေ (၁၅၀) ကျော် လတ်တလော သောက်သုံးရေ အဆင်ပြေစေရေးအတွက် (၁) ထုပ်လျင် ရေ (၁၀) လီတာ သန်႔စင်နိုင်သော ရေသန်႔ဆေးထုပ် (၆၇၅) ထုပ်ကို (၂) ပတ်စာအဖြစ် ထောက်ပံ့ပေးခဲ့ပြီး စက်ရေတွင်းရရှိရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events