မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း (၁၂.၅.၂၀၁၆)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၇)လုံးပြိုလဲပျက်စီးပြီး အမိုးလန်နေအိမ် (၁၀၆)လုံးရှိခဲ့ပါသည်။ အဆိုပါ ပြိုလဲအိမ် (၂၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၂၇)စုံ၊ အမိုးလန်အိမ် (၁၀၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးပါ (၁၀၆)စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၇၀၀၀၀/-) ကျပ်တို့ကို (၁၄.၅.၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။