Author Archives: RRD
-
လပွတ္တာမြို့နယ် ၊ဘုန်းကြီးကုန်းကျေးရွာအုပ်စု ၊ရေဝင်လေးကျေးရွာတွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် (၂၁ -၅ -၂၀၁၆ )ရက်နေ့ လပွတ္တာမြို့နယ် ၊ဘုန်းကြီးကုန်းကျေးရွာအုပ်စု ၊ရေဝင်လေးကျေးရွာ၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာဘုန်းကြီးကျောင်းသွပ်မိုး ပျဉ်ကာ( ၁ )လုံး၊ ဓနိမိုးဓနိကာ တဲအိမ် (၁၁) လုံး အမိုးလန် ပျက်စီးခဲ့မှု ကြောင့် ဘုန်းကြီးကျောင်းအတွက် သင်္ကန်း (၁) စုံ၊ တဲအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အား လေဘေးသင့်ပြည်သူများကို (၂၃ – ၅ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊အမှတ်(၈)ရပ်ကွက်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊အမှတ်(၈)ရပ်ကွက်တွင် (၂၃. ၅. ၂၀၁၆)ရက်နေ့ကဖြစ်ပွားခဲ့သောလေဘေးကြောင့်ပျက်စီးခဲ့သည့် အမိုးလန်အိမ်(၁)လုံး လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀) နှင့်ဆန်ရိက္ခာဖိုးငွေ (၄၅၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ (၂၂-၅-၂၀၁၆) ရက်နေ့တွင် တိုက်ခတ်ခဲ့သောလေပြင်းကြောင့် လေဘေးသင့်ပြည်သူ များအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၃၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၄၈,၆၀၀) ကျပ်တို့အား လေဘေးသင့်ပြည်သူများထံသို့ (၂၃-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်းရှိ အန္တရာယ်ရှိသည့်နေအိမ်အား သွားရောက်ကြည့်ရှု့မှုနှင့် ယာယီနေရာချထားပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ထွေ/အုပ်|မီးသတ်တို့ပူးပေါင်း၍ (၂၂-၅-၂၀၁၆) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်ခန့်တွင် ဟားခါးမြို့၊ ဓါတ်ဆီဆိုင်အနီးရှိ မြေပြိုရန် အန္တရာယ်ရှိသည့်နေအိမ်အား သွားရောက်ကြည့်ရှု့ပြီး၊ ယာယီနေရာချထားပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံး ပြိုကျခဲ့ပြီး နေအိမ် (၈) လုံး အမိုးလန်ပျက်စီးခဲ့၍ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၃၈) ဦးမှာ လေဘေးသင့်ခဲ့ရသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၁၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ပြိုကျနေအိမ် (၂) လုံးအတွက် … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူများအား (၂၃-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးမှုအခြေအနေသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈၁) စုမှ အိမ်ထောင်စု (၂၀၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု (၂၈၁) စုမှ လူဦးရေ (၁၀၇၈) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေကျပ် (၉၇၀၂၀၀) အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၂၃-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိအိမ်ထောင်စု (၈၁) စာအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်မှ UN,INGOs နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှုသတင်း
မုန်တိုင်း ရွန်နူ (ROANU) ကျရောက်နေစဉ်အတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ EOCနှင့် ပူးပေါင်းဆောင်ရွက်သော UN, INGOs အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား (၂၂-၅-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
-
သဘာဝဘေးအန္တရာယ်များအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ မကွေးလေဆိပ်သိုလှောင်ရုံတွင် ပစ္စည်းများ အရန်သင့်ထားရှိမှုအခြေအနေသတင်း
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ထောက်ပံ့ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ မကွေးလေဆိပ်သိုလှောင်ရုံတွင် အောက်ပါပစ္စည်းများအား အရန်သင့်သိုလှောင်ထားကြောင်း သိရှိရပါသည်- (၁) ဆန် (၆) ပြည် အိတ် ၂၀၀ အိတ် (၂) အသင့်စားခေါက်ဆွဲခြောက် ၁၀၀ ဖာ (၃) ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ၁၀၀ အိမ်ထောင်စုစာ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ပန်းတောရိုးကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးအတွက် ထောက်ပံ့မှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ပန်းတောရိုးကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံးပြိုကျခဲ့ပြီး နေအိမ် (၁) လုံးမှာ အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၀၀၀၀) အားလည်းကောင်း၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀) အားလည်းကောင်း၊ လူဦးရေ ကျား (၅) ဦး၊ မ (၅) … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မင်္ဂလာဒုံလေတပ်စခန်းသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာနှင့် ရေသန့်တို့အား အရန်သင့် စုပုံထားရှိခြင်း
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ (ROANU) ၏အရှိန်ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာလျှင် အချိန်နှင့်တပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မင်္ဂလာဒုံလေတပ်စခန်းသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာနှင့် ရေသန့်တို့အား အရန်သင့် စုပုံထားရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
