ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံး ပြိုကျခဲ့ပြီး နေအိမ် (၈) လုံး အမိုးလန်ပျက်စီးခဲ့၍ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၃၈) ဦးမှာ လေဘေးသင့်ခဲ့ရသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၁၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ခြေ (၁) လုံးလျှင် (၅၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် အိမ်ခြေ (၁) လုံးလျှင် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၁၆၀၀၀၀) နှင့် လူဦးရေ (၃၈) ဦးစာအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၃၄၂၀၀) အား (၂၂-၃-၂၀၁၆) ရက်နေ့တွင် အပြင်ပဒံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)