ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊အမှတ်(၈)ရပ်ကွက်တွင် (၂၃. ၅. ၂၀၁၆)ရက်နေ့ကဖြစ်ပွားခဲ့သောလေဘေးကြောင့်ပျက်စီးခဲ့သည့် အမိုးလန်အိမ်(၁)လုံး လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀) နှင့်ဆန်ရိက္ခာဖိုးငွေ (၄၅၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။