ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ (ROANU) ၏အရှိန်ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာလျှင် အချိန်နှင့်တပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မင်္ဂလာဒုံလေတပ်စခန်းသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာနှင့် ရေသန့်တို့အား အရန်သင့် စုပုံထားရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)