ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈၁) စုမှ အိမ်ထောင်စု (၂၀၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု (၂၈၁) စုမှ လူဦးရေ (၁၀၇၈) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေကျပ် (၉၇၀၂၀၀) အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၂၃-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိအိမ်ထောင်စု (၈၁) စာအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)