ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ပန်းတောရိုးကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးအတွက် ထောက်ပံ့မှုအခြေအနေသတင်း

1 2 3

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ပန်းတောရိုးကျေးရွာ၌ (၂၁-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံးပြိုကျခဲ့ပြီး နေအိမ် (၁) လုံးမှာ အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၀၀၀၀) အားလည်းကောင်း၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀) အားလည်းကောင်း၊ လူဦးရေ ကျား (၅) ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၁၀) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေကျပ် (၉၀၀၀) အားလည်းကောင်း ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events