Author Archives: Su Nandar Myint
-
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများအား သွားရောက် စစ်ဆေးကြည့်ရှုလေ့လာခြင်း
၁။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများကို သွားရောက် ကြည့်ရှု လမ်းညွှန်ခဲ့ပါသည်။ ၂။ မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် မြေပုံထုတ်လုပ်တိုင်းတာခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် … Read more
-
၂၀၁၇ ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေဘေးဖြစ်ပွားမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
၂၀၁၇ ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေဘေးဖြစ်ပွားမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
-
၂၀၁၇ ခုနှစ်၊ နွေရာသီကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သောက်သုံးရေဖြန့်ဝေပေးမှု နှင့် ရေတွင်း/ရေကန်များ ထောက်ပံ့ပေးမှုအခြေအနေ
၁။ ၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကို ခံစားနေရသည့်အတွက် ရေလိုအပ်ချက်များ ကူညီပေးပါရန် ပြည်သူများက ဦးစီးဌာန Call Center သို့ ဆက်သွယ် အကူအညီတောင်းခံလာမှုများအပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများက ကွင်းဆင်းစိစစ်၍လည်းကောင်း၊ ဒေသအလိုက် လိုအပ်ချက်များအရသော်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ သောက်သုံးရေရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂။ ထိုသို့ထောက်ပံ့လျက်ရှိရာ (၆-၄-၂၀၁၇)ရက်နေ့မှ (၃၁-၅-၂၀၁၇)ရက်နေ့အထိ နှစ်လတာ … Read more
-
ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြီးစီးခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် (၃၁-၅-၂၀၁၇) ရက်နေ့၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြောပွဲအား ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၀၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် ရေဘေးအသိပညာပေး ဗွီနိုင်း စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်း
၁။ ၂၀၁၇ ခုနှစ်၊ မေလ(၂၉)ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာ (Mora) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ်များ ပြိုလဲပျက်ဆီးခြင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် (၃၁-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊ … Read more
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာ လေဘေးထောက်ပံ့ပြီးစီးမှု
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် (၃၀.၅.၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့ရာ အိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်(၂၅)လုံး အမိုးလန်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၂၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၁,၂၅၂,၀၀၀/-)ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၅)အိမ်ထောင်စုစာတို့အား (၃၁-၅-၂၀၁၇)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အစီရင်ခံခြင်း အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃)၊၂၀၁၇
အားကောင်းသော မုန်တိုင်းငယ်အခြေအနေ (က)ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် ပိုမိုအားကောင်းလာကာ အားကောင်း သောမုန်တိုင်းငယ်(Deep Depression) အဖြစ် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၂၆၀)ခန့်၊ ကျောက်ဖြူ မြို့၏ အနောက်တောင်ဘက် မိုင်(၃၁၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ( ၃၂၅) မိုင် ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် … Read more
-
ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာတွင် မိုင်းဒဏ်ရာရရှိခဲ့သူများအား ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာတွင် (၂၉.၃.၂၀၁၇)ရက်နေ့၌ မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သော ကလေး(၂)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် (၅၀,၀၀၀/-)နှုန်းဖြင့် ဒဏ်ရာရရှိခဲ့သူ (၂)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀/-)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးတုံ့ပြန်မှုအဆင်သင့်ဖြစ်ရေး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးခြင်း
၁။ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်ရေး ဧရာဝတီတိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၄-၂၀၁၇)ရက်နေ့ နံနက်ပိုင်း၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နှင့် ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာတို့တွင် ရပ်ကွက်ကျေးရွာရှိ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ပညာရှင်များ၏လေ့လာဆန်းစစ်ချက် များအရ ကမ္ဘာ့နိုင်ငံ (၁၇၁) နိုင်ငံတွင် သဘာဝ ဘေးဖြစ်ပွားမှု၌ မြန်မာနိုင်ငံသည် ဖြစ်ပွားအများဆုံးအလိုက် အဆင့်(၄၂)တွင်ရှိပြီး သဘာဝ ဘေးရင်ဆိုင်တုံ့ပြန်ရန် … Read more
