၂၀၁၇ ခုနှစ်၊ နွေရာသီကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သောက်သုံးရေဖြန့်ဝေပေးမှု နှင့် ရေတွင်း/ရေကန်များ ထောက်ပံ့ပေးမှုအ‌ခြေအနေ

02 Pic-01  02 Pic-02 02 Pic-03 02 Pic-04 02 Pic-05

 ၁။         ၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကို ခံစားနေရသည့်အတွက် ရေလိုအပ်ချက်များ ကူညီပေးပါရန် ပြည်သူများက  ဦးစီးဌာန Call Center သို့ ဆက်သွယ် အကူအညီတောင်းခံလာမှုများအပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများက ကွင်းဆင်းစိစစ်၍လည်းကောင်း၊ ဒေသအလိုက် လိုအပ်ချက်များအရသော်လည်းကောင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ သောက်သုံးရေရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။         ထိုသို့ထောက်ပံ့လျက်ရှိရာ (၆-၄-၂၀၁၇)ရက်နေ့မှ (၃၁-၅-၂၀၁၇)ရက်နေ့အထိ နှစ်လတာ ကာလအတွင်း တိုင်း‌ေဒသကြီး/ပြည်နယ်(၈)ခုရှိ မြို့နယ်(၂၈)မြို့နယ်၊ ကျေးရွာ(၈၁)ရွာရှိ လူဦးရေ (၇၉၀၀၆)ဦးသို့ သောက်သုံးရေ(၄၀၀၈၅၀)ဂါလံနှင့် သောက်ရေသန့်(၂၀လီတာ)ပါ ဘူးပေါင်း(၂၇၅၅) ဘူး ဖြန့်ဝေပေးခဲ့ခြင်းအတွက် ငွေကျပ် (၁၀.၄၇၈၉၅)သန်း၊ ရေကန်(၇)ကန်၊ အဝီစိတွင်း (၁)တွင်း၊  အုတ်စီရေတွင်း(၁)တွင်း၊ ရေသန့်စက်(၄)လုံးတို့အတွက် ငွေကျပ်(၆၂.၀၀)သန်း၊ စုစုပေါင်းငွေကျပ် (၇၂.၄၇၈၉၅)သန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events