Author Archives: Su Nandar Myint
-
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာနှင့် ကျုံဝမ်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြီးစီးမှု
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် နေ့လည် (၁၂:၀၀) နာရီ မှ (၁၃:၀၀)နာရီအထိ ကျုံဝမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြီးစီးမှု
ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉:ဝဝ)နာရီမှ(၁၀:၃၀)နာရီထိ ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ လူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စုနှင့် ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြီးစီးမှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ ရွှေကြာအင်းကန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၂၁၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း၊ (၁၆-၁-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၇၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများတွင် လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာများအား ေဟာပြောခဲ့ပြီး မှတ်တမ်းဗွီဒီယိုများပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ သဘာ၀ဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြီးစီးမှု
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၁-၂၀၁၈)ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ သဘာ၀ဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးခန့် တက်ရောက်ခဲ့၍ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေ နေထိုင်ခြင်း၊ အဖြစ်များသော ဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာ ဖြန့်ေ၀ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြန်လည်လက်ခံရေးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု UEHRD ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်ဆွေးနွေးမှုသတင်း
၁။ ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းUEHRDဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၁၂-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မောင်တောဒေသအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား ပြန်လည်လက်ခံရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ၂။ ပြည်ထောင်စုဝန်ကြီးကတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား မြန််မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နို်င်ငံအကြားလက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံသဘောတူစာချုပ်အရ (၂၃-၁-၂၀၁၈)ရက်နေ့မှစ၍ စနစ်တကျလက်ခံမှုကို စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများ ကြားစခန်းများကိုလည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ ဝင်ရောက်လာသူများအားနေရာချထားမည့် ကျေးရွာများသတ်မှတ်ရန် အတွက်လည်းဆွေးနွေးညှိနှိုင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ UEHRD စီမံကိန်းသည် ပြည်ထောင်စုစီမံကိန်းဖြစ်၍ အားလုံးပါဝင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ကျေးရွာများအားပြန်လည်တည်ဆောက်ရာတွင် သဘာဝဘေး … Read more
-
(၂.၁.၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ထပ်မံရောက်ရှိလာသော ကျောက်မဲခရိုင်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု
(၂.၁.၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ထပ်မံရောက်ရှိလာသော ကျောက်မဲခရိုင်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၁)စုမှ လူဦးရေ (၁၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၂၁)စုစာနှင့် လူဦးရေ (၁၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက် ငွေ (၂၃၅,၂၀၀/-)ကျပ် အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃.၁.၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အာပြောင်ကျေးရွာနှင့် ကျောက်ဖြူလေးကျေးရွာတို့မှ တိမ်းရှောင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာတို့မှ တိမ်းရှောင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၈၅၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာအဖြစ် ထောက်ပံ့ငွေ (၁,၇၈၇,၁၀၀/-)ကျပ်အား (၂.၁.၂၀၁၈)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းပြိုဘေး ထောက်ပံ့ပြီးစီးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် (၃၀-၁၂-၂၀၁၇) ၊ (၃၁-၁၂-၂၀၁၇) နှင့် (၁-၁-၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ရေထဲမျောပါပျက်စီးခဲ့သည့် နေအိမ် ၁၁ လုံး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး စုစုပေါင်း နေအိမ် ၂၆ လုံး အိမ်ထောင်စု ၂၆ စု ဘေးသင့်ခဲ့ရာ မျောပါပျက်စီးခဲ့သည့် နေအိမ် (၁၁)လုံး အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး အိမ်ထောင်စု (၁၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပြီးစီးမှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် TNLAလက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခြင်းကြောင့် (၁-၁-၂၀၁၈)ရက်နေ့ (၁၇:၃၀) နာရီအချိန်တွင် ထပ်မံရောက်ရှိလာသော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇)စုမှ ကျား(၅၆)ဦး၊ မ(၇၂)ဦး၊ စုစုပေါင်း (၁၂၈)ဦးတို့အား အမှတ် (၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်း မိုင်းငေါ့မြို့ နှင့် အောင်မင်္ဂလာတို့တွင် ကယ်ဆယ်ရေးစခန်း (၄)ခု ဖွင့်လှစ်ခဲ့ပြီး (၁-၁-၂၀၁၈)ရက်နေ့ (၁၉:ဝဝ)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ Source: DMH
