မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာနှင့် ကျုံဝမ်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြီးစီးမှု

26 Pic 01

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် နေ့လည် (၁၂:၀၀) နာရီ မှ (၁၃:၀၀)နာရီအထိ ကျုံဝမ်းကျေးရွာ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source :  မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events