ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပြီးစီးမှုသတင်း

02_Pic 01

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် TNLAလက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခြင်းကြောင့် (၁-၁-၂၀၁၈)ရက်နေ့ (၁၇:၃၀) နာရီအချိန်တွင် ထပ်မံရောက်ရှိလာသော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇)စုမှ ကျား(၅၆)ဦး၊ မ(၇၂)ဦး၊ စုစုပေါင်း (၁၂၈)ဦးတို့အား အမှတ် (၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်း မိုင်းငေါ့မြို့ နှင့် အောင်မင်္ဂလာတို့တွင် ကယ်ဆယ်ရေးစခန်း (၄)ခု ဖွင့်လှစ်ခဲ့ပြီး (၁-၁-၂၀၁၈)ရက်နေ့ (၁၉:ဝဝ)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၃၇)စုစာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source :  ကျောက်မဲခရိုင်ဦးစီးမှူး(ကဆရ)

Sign Up

Upcoming Events