
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ ရွှေကြာအင်းကန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၂၁၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း၊ (၁၆-၁-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၇၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများတွင် လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာများအား ေဟာပြောခဲ့ပြီး မှတ်တမ်းဗွီဒီယိုများပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)