ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် (၃၀-၁၂-၂၀၁၇) ၊ (၃၁-၁၂-၂၀၁၇) နှင့် (၁-၁-၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ရေထဲမျောပါပျက်စီးခဲ့သည့် နေအိမ် ၁၁ လုံး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး စုစုပေါင်း နေအိမ် ၂၆ လုံး အိမ်ထောင်စု ၂၆ စု ဘေးသင့်ခဲ့ရာ မျောပါပျက်စီးခဲ့သည့် နေအိမ် (၁၁)လုံး အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး အိမ်ထောင်စု (၁၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးနှင့် ကမ်းပြိုဘေးသင့် နေအိမ် (၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၆၀၀,၀၀၀/-)ကျပ် အပါအဝင် ဘေးသင့်လူဦးရေ (၈၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၇၆,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၇၆,၄၀၀/-)ကျပ်အား (၂-၁-၂၀၁၈)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှ၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းထွေး၊ ဓနုဖြူမြိုနယ်အုပ်ချုပ်ရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီမှ ဦးကျော်စိုး၊ ဦးကျော်မင်းတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)