Author Archives: Aye Kyimann

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊‌ သပြေချောင်းကျေးရွာ၊ ရတနာလမ်းသွယ်၌၊ (၁၂-၁-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၁၂-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021  Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုမှုသတင်း

    ဇန်နဝါရီလ ၅ ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် တည်ဆောက် ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေး နှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား COVID – 19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်း လက်ခံနိုင်ရေး ကြိုတင် ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည်  ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ … Read more

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁.၂၀၂၁)နေ့၊ (၁၆:၂၀)နာရီ တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အများပြည်သူ သိရှိနားလည် စေရန်အတွက် မီးဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စစ်တွေမြို့၊ မေယုလမ်း၊ မီးစက်ကြီးအဝိုင်း (ဘိုးဘွားရိပ်သာ)အနီး၌ စိုက်ထူးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #rke_jan2021 Source:  စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ (မူကြမ်း) အပေါ်  ကော်မတီဝင်များ၏ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

    ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေပြည်တော်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီ၏ပူးတွဲဥက္ကဌ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃)နှစ်တာကာလအတွင်း ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ … Read more

  • COVID-19 ကူးစက်မှုနှုန်းမပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် တမူးမြို့ စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွား ရပ်ကွက်၊ မြို့မ ရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက်သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_dec2020 Source:  တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုသတင်း

    ဒီဇင်ဘာ ၂၉၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့်ပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာထောက်ပံ့ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်းကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူတစ်ဦးလျှင်(၁)ရက် ဆန်(၂)ဘူးနှုန်းဖြင့် … Read more

Sign Up

Upcoming Events