မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊‌ သပြေချောင်းကျေးရွာ၊ ရတနာလမ်းသွယ်၌၊ (၁၂-၁-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၁၂-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#tny_jan2021

 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events