Author Archives: Aye Kyimann

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၌ Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ် အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဂန္ဓမာလမ်း၌ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် (၁၇-၃-၂၀၂၃) ရက်နေ့ဖြစ်ပွားသော မီးလောင်မှု ကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၇၀ဝ/-)ကျပ်တို့အား (၂၄-၃-၂၀၂၃)ရက်နေ့ (၁၁:၃၀)နာရီတွင် မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာလမ်းတောင့်၊ မွန်းရှီဝင်းအတွင်းတွင် (၂-၃-၂၀၂၃)ရက်နေ့ (၀၄:၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ပေx၅၀ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၇၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများမှ အိမ်ထောင်စု (၄)စု၊ … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊တိုက်ကြီးမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ စပါးကိုင်းကျေးရွာအုပ်စုတွင် (၂၃-၂-၂၀၂၃) ရက်နေ့(၀၁:၁၅)အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀ဝ/-)ကျပ်၊ လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း(၁၉)မျိုး အိမ်ထောင်စု(၁)စုစာ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခု နှုန်းဖြင့် Mask (၁၂)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော် လစ်ဆပ်ပြာ(၁) တောင့်နှုန်းဖြင့် ကာဘော် လစ်ဆပ်ပြာ(၁)တောင့်တို့အား … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာ လမ်းတောင့်၊ မွန်းရှီဝင်းအတွင်းတွင် (၂-၃-၂၀၂၃)ရက်နေ့ (၀၄၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး (၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ပေx၅၀ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ လူနေတိုက်ခန်း (၁၃)ခန်း၊တိုက်ခန်းတွဲ(၄)တွဲ၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၇၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ … Read more

  • တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၃) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင်  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ခြောက်အိမ်တန်း ကျေးရွာတွင် နေထိုင်သော  ဦးအောင်ကိုဇော် ထင်းခုတ်သွားရောက်စဉ် တောဆင်ရိုင်းတစ်ကောင် မှအစွယ်ဖြင့် လိုက်လံထိုးခဲ့သဖြင့်  ညာဘက်ခြေထောက်ကျိုးပဲ့ဒဏ်ရာရရှိ၍ မြောက်ဥက္ကလာပဆေးရုံ ကြီးတွင် ဆေးရုံတက်ရောက်နေသူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ် (၆-၃-၂၀၂၃)ရက်နေ့ (၁၁:၄၅) အချိန်နာရီတွင်  မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_mar_2023 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃)ရက်နေ့တွင် တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ထိခိုက် သွားသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ လောက်လေးချောင်းကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ကမ်းမြှောင် ကျေးရွာအုပ်စုမှ လုံးဝပျက်စီးအိမ်ခြေ(၂၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၂၄)လုံး၊ စုစုပေါင်း အိမ်ခြေ (၁၄၉) စုမှ လူဦးရေ (၅၄၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁,၁၃၆,၁၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး … Read more

  • မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးဘေး‌ထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၃)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁၄)လုံးမှ အိမ်ထောင်စု (၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၄)အိမ်ထောင်စာတန်ဖိုးငွေ (၁၉၆,၁၄၄/-)၊ ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတန်ဖိုးငွေ (၄၆၀,၃၆ဝိ/-)၊ စက္ကူပုံး(၁၄)ပုံးတန်ဖိုးငွေ (၄,၅၉၂/-)၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၃၇၂,၀၀ဝ/-)နှင့် မီးဘေးသင့်လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၁၅၁,၂၀ဝ/-)တို့အား (၈-၂-၂၀၂၃) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် … Read more

  • ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၂-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ပူးပြင်းခြောက်သွေ့ သောကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကသာမြို့နယ်အတွင်း ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်းသည့်  ဆောင်ရန်/ရှောင်ရန်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #sgg_feb_2023 Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၃) ရက်နေ့ (၀၉:၃၀) နာရီမှ (၁၂:၀၀) အချိန်အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ ဖွင့်လှစ် သော မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဌာနတွင်း ဆရာ၊ ဆရာမများသင်တန်း”၌ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့အား “သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #yan_feb_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events