ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ​​​တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ လေဘေး ထောက်ပံ့မှုနှင့် လွှဘုံကျေးရွာအုပ်စု၊ လွှဘုံကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ​​​တပ်ကုန်းမြို့နယ်သာယာအေး ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၂.၄.၂၀၂၃)ရက်နေ့၊ (၁၅:၃၀) နာရီ အချိန်ခန့်တွင်  ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၆၃၀ဝ/-)ကျပ်နှင့် လွှဘုံကျေးရွာအုပ်စု၊ လွှဘုံ ကျေးရွာ၌ (၃.၄.၂၀၂၃) ရက်နေ့၊ (၀၂း၁၅) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)စုစာ အား (၅.၄.၂၀၂၃) ရက်နေ့၊ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw_fir

#npw_apr_2023

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events