Author Archives: Aye Kyimann
-
သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၂)ရက်နေ့ (၀၃း၄၅)နာရီအချိန်ခန့်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ တွင် အိပ်ယာဘေးတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ခဲ့ရာမှတစ်ဆင့် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၆၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၆၆၃၀၀၀/-)ကျပ်အားလည်းကောင်း၊ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၁၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၆၃၀၀၀/-) ကျပ်အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း … Read more
-
ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘောလုံးကွင်းအရှေ့၊ ဈေးအနီး၌ မီးဘေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကညှော်ကျေးရွာ၊ ဘောလုံးကွင်းအရှေ့၊ ဈေးအနီးတွင် စိုက်ထူးထားသော အလျား (၉) ပေ၊ အနံ (၆) ပေရှိ ရေဘေးအသိပညာပေးဗီနိုင်းပိုစတာ အစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား (၁၀-၁၁-၂၀၂၂) ရက်နေ့တွင် ပြောင်းလဲစိုက်ထူပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov_2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၂း၁၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်တွင် ဝါယာကြိုးမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ဖိုးငွေ (၃၀၀၀၀ဝ/-)ကျပ်အား (၈-၁၁-၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_nov_2022 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၆.၂၀၂၂) ရက်နေ့တွင် ကျား/ မ ရေးရာ (Gender) နှင့် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်း ရရှိပါသည်။ #ar #tny_jun_2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သန်လျင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် Quick-Win Project များအနက် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၀-၁၀-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝ အသိပညာများဆွေးနွေးပြောခြင်း၊ သဘာ၀အသိပညာပေး Video click များပြသ ခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့်ဗီနိုင်းများအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_oct_2022 Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ၊ နယ်မြေ (၄)၌ (၉-၉-၂၀၂၂) ရက်နေ့၊ (၂၂:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄၂ဝဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၄၂၀၀/-)ကျပ်တို့အား (၁၃-၉-၂၀၂၂) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #snh_jul_2022 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၇-၂၀၂၂) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် အ.ထ.က (ကျိုက်က္ကော်)ရှိ ကျောင်းသား/သူ အင်အား(၁၀၀)ဦးခန့် အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul_2022 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင် ကျေးရွာ၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ (အထက်ကဇင်းတော၊ ကုလားမချောင်)ရွာ နှင့် တောကျောင်းကျေးရွာအုပ်စု၊ (ကျောင်းတော် ကလေး၊ နံဂါတ်ရိုးနှင့် နံဂါတ်)ကျေးရွာတို့၌ (၁၂-၇-၂၀၂၂) ရက်မှ (၁၃-၇-၂၀၂၂)ရက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့သည့် ဘာသာရေးကျောင်း (၁)ကျောင်းနှင့် နေအိမ် (၂၈)လုံး၊ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၁၃၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက် စာဖိုး … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၇.၂၀၂၂) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကဟန်း ကျေးရွာအုပ်စု၊ ကဟန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၉)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၈,၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၈,၉၀၀/-)ကျပ်၊ လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် (၄၆၀၃၆/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)ပုံး၊ အ.မ.က ကျောင်းသား(၁)ဦးနှင့် … Read more
