Author Archives: Aye Kyimann

  • ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က (ဘဲဂရက်) ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၃) ရက်​နေ့၌ ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့၊ အ.ထ.က(ဘဲဂရက်)တွင် Grade(7)၊ Grade(8)၊ Grade(9)မှ ​ကျောင်းသား/သူ (၁၉၀)ဦးနှင့် ဆရာ/ဆရာမများအားဦးစီးဌာနမှ လုပ်ငန်း​ဆောင်ရွက်​နေမှုများ၊ ထောက်ပံ့​ပေးမှုများ၊ သဘာ၀​ဘေးနှင့်ပတ်သက်​သော ဆောင်ရန်/​ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအ​ကြောင်းနှင့် ခရိုင်ပတ်၀န်းကျင် ထိန်းသိမ်း​ရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအ​ကြောင်း သိ​ကောင်းစရာများအား နံနက်(၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ ​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး လက်ကမ်းစာ​စောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug_2023 Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာ၌ ဖြစ်ပွားသော လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၃)ရက်နေ့ (၀၅း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာတွင် မိုး သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးသွပ်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၆၀၅၀၀/-)ကျပ် အား (၈-၈-၂၀၂၃)ရက်နေ့ (၁၅း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မုဒုံမြို့နယ်၊ ဖယ်ဒိုကျေးရွာ၌ သောက်သုံးရေသိုလှောင်ထားရှိရန် ဖိုင်ဘာရေတိုင်ကီ (၁) လုံး တပ်ဆင်ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်ဖြင့် သောက်သုံးရေအမှန်တကယ် ရှားပါးပြတ်လပ်သည့်ကျေးရွာများတွင် သောက်သုံးရေများ သိုလှောင်ထားရှိရန်အတွက် ဂါလံ (၁၆၀၀) ဆံ့ ဖိုင်ဘာရေတိုင်ကီ (၁) လုံးအား မုဒုံမြို့နယ်၊ ဖယ်ဒို ကျေးရွာတွင် (၇-၈-၂၀၂၃)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် တပ်ဆင်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါ သည်။ #otr #mon_aug_2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events