
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူး ရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၈.၂၀၂၃)ရက်နေ့၊(၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ဇေယျာသီရိမြို့နယ်၊ အ.လ.က-ခွဲ(သာစည်) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ အ.ထ.က(ပြည်စံအောင်) စာသင် ကျောင်းတွင် ကျောင်းသား/သူ (၁၇၀)ဦးစုစုပေါင်း ကျောင်းသား/သူ (၃၂၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ ဘောလ်ပင်၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npt_aug_2023
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)