မုဒုံမြို့နယ်၊ ဖယ်ဒိုကျေးရွာ၌ သောက်သုံးရေသိုလှောင်ထားရှိရန် ဖိုင်ဘာရေတိုင်ကီ (၁) လုံး တပ်ဆင်ပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်ဖြင့် သောက်သုံးရေအမှန်တကယ် ရှားပါးပြတ်လပ်သည့်ကျေးရွာများတွင် သောက်သုံးရေများ သိုလှောင်ထားရှိရန်အတွက် ဂါလံ (၁၆၀၀) ဆံ့ ဖိုင်ဘာရေတိုင်ကီ (၁) လုံးအား မုဒုံမြို့နယ်၊ ဖယ်ဒို ကျေးရွာတွင် (၇-၈-၂၀၂၃)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် တပ်ဆင်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါ သည်။

#otr
#mon_aug_2023
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events