
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာပြီး ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၌ ပြောင်းရွှေ့ ရသည့် အိမ်ထောင်စု (၁၈)စု၊ လူဦးရေ (၉၁)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၉၁၁၀၀/-) ကျပ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဘန်းသဲကျေးရွာအိမ်ထောင်စု (၂၂)စု လူဦးရေ (၁၁၆)ဦး ဆန်ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၂၄၃၆၀၀/-)ကျပ်၊ ချောင်းငယ်ရပ်ကွက်အိမ်ထောင်စု (၃)စု လူဦးရေ (၁၃)ဦး အတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၂၇၃၀၀)ကျပ် စုစုပေါင်း (၂၂ဝ)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၆၂၀၀၀/-)ကျပ်အား (၈.၈.၂၀၂၃)ရက် နေ့(၁၁း၃ဝ)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#tny_aug_2023
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)