လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၃) ရက်နေ့၌ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က(ဘဲဂရက်)တွင် Grade(7)၊ Grade(8)၊ Grade(9)မှ ကျောင်းသား/သူ (၁၉၀)ဦးနှင့် ဆရာ/ဆရာမများအားဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာ၀ဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်းနှင့် ခရိုင်ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား နံနက်(၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug_2023
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)