Author Archives: Aye Kyimann
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မြတ်ကံသာကျေးရွာနေပြည်သူများအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မြတ်ကံသာကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေး ပွဲပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ပြည်သူလူထု (၆၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ ထိရောက်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုသတင်း
ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ့အကျိုးကို ထိရောက်စွာဆောင်ရွက်ရမည်ြဖစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများနှင့် ယနေ့ညနေ (၅း၀၀) နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အားလုံးပူးပေါင်းဆောင်ရွက်ရမည့်အပြင် ပြည်သူလူထုကြားတွင် လက်တွေ့ဆောင်ရွက် လျက်ရှိပြီး အတွေ့ကြုံ ကောင်းများရရှိနေကြပြီဖြစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပိုးလောင်းကျေးရွာတွင် DAN Mobile Application နှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့၊ ပိုးလောင်းကျေးရွာအုပ်စု ပိုလောင်းကျေးရွာတွင် သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များဝေဌခြင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပိုစတာများပေးအပ်ခြင်း၊ DAN Mobile Application ထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပိုလောင်းကျေးရွာပြည်သူ စုစုပေါင်း (၉၄) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မင်းပြားမြို့နယ်၊ နဂရာ (ရခိုင်) ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့၌ မင်းပြားမြို့နယ် နဂရာ (ရခိုင်) ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စု လူဦးရေ စုစုပေါင်း (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၅၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား(၂၅-၁-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အလယ်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောပွဲကို (၂၄-၁-၂၀၁၇) ရက်နေ့၌ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာတွင် DAN Mobile Application နှင့် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီး မှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ မိုးလေဝသ သတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍလက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်း ပြောကြား၍ လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၂၅) ဦးခန့် တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား (၂၄-၁-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက် လျက်ရှိပါသည်။ သင်တန်းမှာ (၂၄-၁-၂၀၁၇) ရက်နေ့မှ (၂၆-၁-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ပြည်သူများအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို (၂၄-၁-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကသာမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၇၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည့်အလုပ်ရုံဆွေးနွေးမှုသတင်း
နေပြည်တော်၊ ၂၀၁၇၊ ဇန်နဝါရီလ၊(၂၄) ငလျင်ဘေးဒဏ်ခံနိုင်သော မြန်မာနိုင်ငံဖြစ်ရန်လိုအပ်ချက်နှင့် စိန်ခေါ်မှုများအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel၌ကျင်းပပြု လုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ မိမိတို့နိုင်ငံဟာ ကမ္ဘာ့အဓိကငလျင်ကြောကြီး ဖြစ် တဲ့ အယ်လ်ပိုက် ငလျင်ကြောတွင် ကျရောက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ငလျင်လှုပ်စေသော ပြတ်ရွေ့များရှိနေပြီး ငလျင်ဘေး ရဲ့ဖျက်စီးနိုင်မှုစွမ်းအားဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုများကို ရပ်တန့်သွားစေနိုင်ကြောင်း၊ ပြည်သူအတွက် တိုက်ရိုက်အကျိုးရှိမယ့် ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုတွေကို လက်တွေ့ကျကျနဲ့ဆောင်ရွက်နိုင်ရေး ဗဟိုအဆင့်မြေငလျင်ဘေးလျော့ပါးရေးအဖွဲ့အစည်း … Read more
