မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ ထိရောက်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုသတင်း

27_Pic_02

              ပြည်သူ့အစိုးရအနေဖြင်‌့ ပြည်သူ့အကျိုးကို ထိရောက်စွာဆောင်ရွက်ရမည်ြဖစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေ ကြသည်‌့ အဖွဲ့အစည်းများနှင်‌့ ယနေ့ညနေ (၅း၀၀) နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင်‌့ ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အားလုံးပူးပေါင်းဆောင်ရွက်ရမည့်အပြင် ပြည်သူလူထုကြားတွင် လက်တွေ့ဆောင်ရွက် လျက်ရှိပြီး အတွေ့ကြုံ ကောင်းများရရှိနေကြပြီဖြစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးနှင်‌့ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေ ရန် လက်တွေ့ဆောင်ရွက်နေသူများ၏ ခံစားချက်များ၊ အတွေ့အကြုံကောင်းများကို သိရှိရယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

တက်ရောက်သူများ၏ ဆွေးနွေးချက်များအရ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး နှင်‌့ ပတ်သက်၍ ငွေကြေးအင်အား၊ လူအင်အားနှင်‌့ အစိုးရဌာနဆိုင်ရာများအတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကြောင်း သိရှိရပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် အားလုံးညီညီညွတ်ညွတ် ပူးပေါင်းလျက် လူမှုဝန်ထမ်းနည်းလမ်းများကို အသုံးပြုပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသွားပါသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (SARA)၊ လူငယ့် အားမာန်အသင်း (ရန်ကုန်)၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို) တို့မှ တာဝန်ခံကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

Source:  MSWRR

Sign Up

Upcoming Events