Author Archives: Aye Kyimann

  • ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးသော ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာမှ အိမ်ထောင်စု (၂၁၀)၊ အိမ်ခြေ (၁၉၀)၊ လူဦးရေ (၈၇၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၄၈၀၀) အား ဆရာတော်ဦးသောဘန (ပခုက္ကူမြို့အာယုသုခရေ ကုသိုလ်တော်ယာဉ်)၊ Eleven Media Group ရေအလှူတော်ကား၊ အနာဂတ်အလင်းရောင်လူမှုကူညီရေးအသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကျေးရွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ် မွမ်းမံသင်တန်း ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် Action Aid Myanmar ဖျာပုံအဖွဲ့နှင့် ပူးပေါင်းပြီး ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် ကျေးရွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား သင်တန်းသား/သူ (၃၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး DAN mobile application နှင့်  Kobo Collect mobile application … Read more

Sign Up

Upcoming Events