မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဘုရားချောင်တဲတိုက်နေ ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဘုရားချောင်တဲတိုက်ရှိ အိမ်ထောင်စု (၈၂)၊ လူဦးရေ (၅၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၈၁၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events